ဗုဒ္ဓဆင်းတုတော် များအား ခွထိုင်ခြင်း လည်ပင်းဖက်ခြင်း မဖွယ်မရာ ဓါတ်ပုံများရိုက်၍

Zawgyi ဖြင့်ဖတ်ရန်
Zin moe
ကျော်သက်ထွေး
Credit: Zin moe
ကျော်သက်ထွေး
Unicode ဖြင့်ဖတ်ရန်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေမိုးတောင်ပေါ်၌ တည်ထားကိုးကွယ်လျက်ရှိသော ရဟန္တာတစ်ထောင်
ရှင်ပင်မြတ်စွာဘုရား ဆုတောင်းပြည့်စေတီတော်ကြီး ဌာပနာပိတ်ပွဲနှင့် ထီးတော် တင်ပွဲပြုလုပ်ရန် ဒီဇင်ဘာလ ၂၅ ရက်နေ့၌ပြင်ဆင်နေစဉ် မုန်ဒန်အောင်၊(၁၈)နှစ် နှင့် ဂွမ်ဆန်အောင်၊ (၁၈)နှစ်တို့ ၂ ဦး ရောက်ရှိလာပြီး စေတီရင်ပြင်တော်ပေါ်ရှိ ဂြိုလ်ပြေ၊ နံပြေ၊ ဗုဒ္ဓဆင်းတုတော် များအား ခြေထောက်ဖြင့် ခွထိုင်ခြင်း၊ လည်ပင်းဖက်ထားခြင်းစသည့် မဖွယ်မရာပုံများအား ဓာတ်ပုံ ရိုက် ၍ Aung Hkasha အကောင့် Facebook စာမျက်နှာ၌ တင်ထားသည်ကိုတွေ့ရှိသဖြင့် အရေးယူ ပေးပါရန် ဂေါပကဥက္ကဌ ဦးဒီးဒုတ်(ခ) ဦးတင်မင်းထွေးမှ တိုင်တန်းသဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့ ၁၃၁၅ အချိန်တွင် မုန်ဒန်အောင်(ဖမ်းမိ)နှင့် ဂွမ်ဆန်အောင်(ဖမ်းမမိ)တို့အား ဝိုင်းမော်မြို့မရဲစခန်းမှ (ပ)၁၀၂/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ၂၉၅/ ၁၁၄(သာသနာ ညှိုးနွမ်းစေမှု/အားပေးကူညီမှု) ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သတင်းရရှိပါသည်။
READ သမ္မတ ရွေးကောက်ပွဲ ၀င် မ၀င် နိုင်ငံရေးအခြေအနေပေါ်မူတည်
Zin moe
credit

Comments
Post a Comment